JM Life

မိသားစုဘဝ၊ လူမှုဘဝ

JM Life ဆိုတာ ဘာလဲ

JM Life ဆိုတာ Joseph နဲ့ April Moon တို့နှစ်ယောက် ပူးတွဲပြီး ဖန်တီးထားတဲ့ ဘဝနဲ့ပက်သက်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးမျှဝေသွားမယ့် နေရာလေးဖြစ်ပါတယ်။ JM Life မှာ မိသားစုဘဝအကြောင်းတွေနဲ့ လူမှုလေ့လာရေးဘာသာရပ်အကြောင်းတွေကို အဓိကထားဆွေးနွေးသွားမှာဖြစ်ပြီးတော့ အခြားအကြောင်းအရာတွေကိုလည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

 

မိသားစုမှာ ကြုံတွေ့ရတဲ့ အရေးကိစ္စတွေကို ဆန်းစစ်သုံးသပ်ပြီး လိုအပ်ချက်တွေက ဘာတွေလဲ၊ လိုအပ်ချက်‌တွေကို ဘယ်လိုဖြည့်ဆည်းနိုင်မလဲ၊ ပြဿနာတွေကို ဘယ်လိုချဉ်းကပ်ပြီး ဘယ်လိုအဖြေရှာကြမလဲ၊ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုနားလည်မှု တည်ဆောက်ကြမလဲ ဆိုတဲ့အကြောင်းအရာတွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ လူတစ်ဦးချင်းရဲ့ ဘဝ၊ သူရှင်သန်ကြီးပြင်းရာ မိသားစုနဲ့ပတ်ဝန်းကျင်၊ သူနဲ့ဆက်စပ်နေတဲ့ လူ့အဖွဲအစည်းအကြောင်းတွေကို လေ့လာပြီး လေးလေးနက်နက် တွေးတောဆင်ခြင်အဖြေရှာနိုင်ဖို့ ရည်ရွယ်ပါတယ်။ ဒါ့အပြင် လူ့အဖွဲအစည်းရဲ့ သဘောသဘာဝ၊ ဖြစ်တည်တိုးတက်မှုနဲ့ လူ့အဖွဲအစည်းအတွင်း ပြုမူဆက်ဆံကြပုံတွေကိုလည်း လူမှုလေ့လာရေးဘာသာရပ်ရှုထောင့်ကနေ လေ့လာဆွေးနွေးသွားမှာဖြစ်ပါတယ်။

 

ဒီအကြောင်းအရာတွေကို ဖော်ပြတဲ့နေရာမှာ Video နဲ့ စာကို အဓိကသုံးပြီးဖော်ပြသွားမှာဖြစ်ပြီးတော့ တခြားပလပ်ဖောင်းတွေကို အသုံးပြုသွားဖို့လည်း ရှိပါတယ်။ ဒါကြောင့် JM Life Facebook page နဲ့ YouTube channel ကို Like, Subscribe နဲ့ Follow လုပ်ထားဖို့ ဖိတ်ခေါ်ပါတယ်။